Sunday, November 11, 2007

my house


ပြည်စုံတဲ့ မိသားစု တွေနဲ့ အတူ လှပတဲ့ အိမ်လေးတစ်လုံး ကျွန်မမှာ ရှိပါတယ်။ အဲဒီ ခြံလေးထဲမှာ လှပတဲ့ ပန်း ပင် တွေ အများကြီးရှိတယ်။ မွှေးပျံနေတဲ့ စံပါယ်ခြံလေးလဲ ရှိပါတယ်။ အိမ်နောက်ဖက်မှာ တော့ သပြေခြံ ရှိ ပါတယ်။ ကျွန်မကိုသိပ်ချစ်တဲ့မိဘတွေလဲရှိပါတယ်။ နောက်ပြီးကျွန်မကို အမြဲတမ်း နားလည်ပေးတဲ့၊ ကျွန်မ ရဲ့ လို အပ် ချက် တွေကို အမြဲဖြည့်ဆည်းပေးတဲ့၊ ကျွန်မရဲ့ ချစ် သော အကို ရှိပါတယ်။

Saturday, November 10, 2007

မေမေ


မတ္တာကြီးမားလှတဲ့ မေမေ ထာဝရ ကျန်းမာရွင်လန်းပါစေ။ သားသမီး (9)ယောက်ကို ပညာတတ် တွေဖြစ် အောင်ရုန်းကန်ကျွေးမွေးခဲ့တဲ့ မေမေ။မေမေဖြစ်စေချင်တဲ့ ဆန္ဒတွေ ဖြစ်အောင်သမီးကျိုးစားခဲ့ပါတယ်၊စိတ်ဓါတ် အင်အားတွေ ကြံ့ ခိုင်လာအောင် အမြဲအားပေးခဲ့တဲ့မေမေ။ မေမေပေးတဲ့အင်အားတွေနဲ့ အခက်အခဲမှန်သမျှကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ပြောရရင်တော့မေမေကကျေးဇူးတွေက ဆပ်မကုန်နိုင်အောင်ပါပဲ။ သားသမီးတွေကို ပညာ တတ်တွေ ဖြစ်စေချင်လွန်းလို့ အခက်အခဲမှန်သမျှ ရင်ဆိုင်ခဲ့ ရတဲ့မေမေ။ သမီးရဲ့ ကျိုးစားမှုအတွက်မေမေ ၀မ်းမြောက်ဂုဏ်ယူနိုင်ပါစေ။

ပြောခွင့်ပြုပါ


သဘောဖြူ၊ မနောဖြူတဲ့ အညာသူလေးတွေရဲ့ လုပ်ငန်းခွင်ဝင်နေကြတဲ့ ပုံလေးကို တင်ပြပါရစေ။ မိုးလင်း က မိုး ချုပ်၊ တနေကုန်အလုပ်လုပ်မှ ဒီလုပ်ငန်းခွင်က ပြီးမြောက်မှာဆိုတော့လဲ မနားမနေကြိုးစားနေရတဲ့ ဘ၀ပိုင်ရှင် တွေပါ။ သူတို့ ပြောတဲ့ အကြောင်းအရာတွေထဲမှာ....စိုင်းစိုင်းအကြောင်းလဲပါမယ်၊ ထွန်းထွန်း အကြောင်းလဲ ပါမယ်၊ နောက်ပြီး သူတို့ခံစားချက်လေးတွေပေါ့ ။ အဲဒါလေးတွေက သူတို့ရဲ့ ဘ၀အမောလေးတွေ ကို ပြေ ပျောက် စေပါတယ်။ သနားစရာကောင်းတဲ့ သူတို့ဘ၀မှာ blog ဆိုတာ ဘာမှန်းမသိသေးပါဘူး။ တိုး တက် လာ တဲ့ ခေတ် ကြီးကို အမှီလိုက်နိုင်ဖို့  အတွက် အညာပြန်ရောက်ရင် blogအကြောင်းပြောခွင့်ပြုပါ။

PEOPLE AND ANIMAL

လူနှင့်တိ၇ိစ္ဆာန်ကွာခြားမှု့က အသိညဏ်ပဲလို့ထင်တယ်။ ဟုတ်တယ်မဟုတ်လား။ အသိညဏ်မရှိရင် ဆင်ခြင် တုံ တရားမရှိတော့ဘူး။ အဲ့ဒါဆိုရင်အမှား အမှန် တွေလဲမ ခွဲခြားတတ်တော့ထင် ရာစိုင်းတော့တာပဲ မဟုတ်လား။ ဒါ မကောင်းမှန်းသိ နေရင်ပြင်ပေါ့၊ သိနေရဲ့နဲ့မပြင်ရင်..မင်းဟာ လူဟုတ်ရဲ့လား။ ဒါကြောင့်....... အသိညဏ်ေ လး ရှိ ပေး ပါ.......-ဒေါသမထွက်နဲ့လို့ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်သတိပေးခဲ့ရတယ် ။ ကျွန်မကလဲ အခုမြှ မင်ဖူး တွေ့ ဖူး တော့မမြင်ဖူး မူးမြစ်ထင်ဆိုသလိုပါပဲ ။ ဒီထက်ကောင်းမွန်တဲ့ blogတွေရေးနိုင်ဖို့ အခြေအနေတွေပေးပါစေလို့  ကျွန်မအတွက် ဆုတောင်းတစ်ခုတိုးလာခဲ့ ပါတယ်။

people

BEAUTYFUL . BLOGGER

ဒီblogလေး လှပဖို့ အတွက် ငါလေ အများကြီး ကြိုးစားခဲ့ ရတယ်။ငါစိတ်ဓါတ် မကျပါဘူးဟာ။ ပညာတစ်ခုရဖို့ အတွက်ဘယ်လို့ ကြိုးစားရတယ် ဆိုတာငါရခဲ့ တဲ့ ပညာတွေတိုင်း ကပြောပြပြီးသားပါ။ ဒီထက် တိုးတက်အောင်ငါကြိုးစား သွားမှာပါ ။ ငါ့ ရုံးမှာဆို gdp ဆိုတဲ့ နိုင်ငံတော်ရဲ့  တိုးတက်မှု့  နှုန်းတွေတွက် ရတယ်။ အမှန်ဝန်ခံရရင် email တို့Blog ဆိုတာကို ငါအခုမှ မြင်ဖူးကြားဖူး တာပါ။ တွေ့ ဖူးကြုံဖူး ပြီးသားတွေနဲ့  ယှဉ်ရင်ငါ့ ရဲ့ ကြိုးစားမှုက ကျန်မနေခဲ့ ပါဘူးနော်။ ငါကျေနပ်ပါတယ်။ ငါ့ ရဲ့ တိုင်း၊ ငါ့ ရဲ့ နိုင်ငံတော်အတွက် ငါတတ်ထားတဲ့ ပညာတွေနဲ့ ငါလေ. ... ကျေးဇူးဆပ်ခွင့် ရနေပါစေလို့ ...ငါ့ ရဲ့ blog ပန်းတပွင့် ဖန်ဆင်ပေးခဲ့ သူများကို ပြောပါ ရစေနော်....

Friday, November 9, 2007

မကွေးတံတား


မကွေးတံတားကြီးကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့လို့ စီးပွားရေးလမ်းပန်းဆက်သွယ်ရေးတွေ ကောင်းပြီး သွေးချင်း မောင်နှမတွေ ညီညွှတ်စွာ နေထိုင်သွားလာနိုင်ကြပါပြီ။ မကွေးမြို့ကို အလည်တစ်ခေါက် လာခဲ့ဖို့ဖိတ်ခေါ်ပါရစေ ။ ဒီတံတားကြီးကနေ လှပတဲ့ရှုမျှော်ခင်းတွေနဲ့အတူ တန်ခိုးကြီးမားတဲ့ မြသလွန်ဘုရားကြီးကိုလည်း ဖူးမျှော် နိုင်ပါတယ်။ မကွေးမြို့ရဲ့ တိုးတက်နေတဲ့ ဆေးတက္ကသိုလ်ကျောင်း၊ နည်းပညာတက္ကသိုလ်၊ မကွေး တက္ကသိုလ် တွေကိုမိတ်ဆွေ တွေ့ရမှာပါ။

Wednesday, November 7, 2007

သင်တန်းဒုတိယနေ့အတွေ့အကြုံ

သင်တန်း နောက်ကျတယ်။ သဇင်(4)အဆောင်မှာ သွားစောင့်နေတယ်။ ဖယ်ရီက မလာနိုင်တော့ အရမ်းစိတ်ညစ် သွားတယ်။ ဒီရောက်တော့ သင်တန်းကစနေပြီ။ငါ့ အတွက်တော့ ဘယ်အရာမှ လွယ်ကူတယ် ဆိုတာမရှိ သလောက်ပါ။ အမေကတော့ ပြောတယ်(8)ရက်နေ့ မွေးတဲ့ သူတွေမှာ လွယ်လွယ်ရတာ ဘာမှမ၇ှိဘူးဆိုပဲ။ အမေရယ် သမီးကိုဘာကြောင့် (8)ရက်နေ့ မှာမွေးရတာလဲ။ ဒါကြောင့် လွယ်လွယ်ရတဲ့  အရာတွေဟာ တန်ဖိုး မရှိဘူးလို့ ပြောကြတာ နေမှာနော်။

Tuesday, November 6, 2007

သူငယ်ချင်းသို့ပေးစာ

သူငယ်ချင်းရေ နေပြည်တော်မြို့ကြီးကို ဒုတိယအကြိမ်ေ၇ာက်လာခဲ့ပြန်တယ်။ ဒီတစ်ခေါက် အတွေ့အကြုံတွေက ငါ့ဘ၀အတွက် အတွေ့အကြုံသစ်တွေ အများကြီးရခဲ့တာ နင့်ကို ပြန်ပြောချင်တယ်။ တို့တတွေဟာ အများကြီးကျိုးစားရအုံးမှာ။ ပြင်ပ ဗဟုသုတတွေ နိုင်ငံတကာရဲ့ တိုးတက်မှုအတွက် ကြိုးပမ်းနေကြတာတွေကို မျက်ချေမပြတ် လေ့လာနေရမှာဆိုတဲ့ အသိတွေရလာခဲတယ်။ လူငယ်တွေရဲ့ ကျွမ်းကျင်မှုတွေက တကယ့်ကို အံမခန်းပါပဲ။ နိုင်ငံတော်ရဲ့တိုးတက်မှုနှုန်းတွေကို တွက်နေရုံနဲ့မပြီးသေးဘူးဟာ။ တိုးတက်လာအောင် ငါတို့က လည်း ကြိုးစားနေရမယ်ဆိုတဲ့ အတွေးတွေ နင့်ကို ငါ့လိုပဲသိစေချင်လို့ ဒီစာလေးကို ရေးလိုက်တာပါ။

လူ

လူဖြစ်လာတာဟာ လောကအကျိုးသယ်ပိုးဖို့ ၊ မိမိဆွေမျိုး၊ မိမိဒေသ၊ မိမိအဖွဲ့အစည်း၊ မိမိတိုင်းပြည်၊ မိမိ နိုင် ငံ သူ နိုင်ငံသားများရဲ့ အကျိုးသယ်ပိုးဖို့၊ အများအကျိုး သယ်ပိုးနိုင်အောင်၊ မိမိကိုယ်ကိုမိမိ အ၇ည်အသွေးတွေ ပြည့် ၀ လာအောင် လေ့ကျင့်ဖြည့်ဆည်းနေဖို့၊ လိုအပ်တယ်ဆိုတာ ညီမလေး သိနေရမယ်နော်။ ညီမလေးက လူပီ သ ချင်တယ် လို့ မမကို ပြောဖူးတယ်လေ။ အခု မမပြောပြနေတာတွေက ရှင်ညာဏိသာ၇၇ဲ့ စကားလုံးတွေပါ။ တန် ဖိုး ရှိတဲ့ စကားတွေမို့ သေသေချာချာ မှတ်နော်။

ခွဲခွာရသောနေ့ရက်များ

သင်တန်းက(5)ရက်လို့ ပြောတယ်။
အပြန်ကားလက်မှတ်အဆင်ပြေပါစေ။

စီမံကိန်းရေးဆွဲရေးဦးစီးဌာန

နိုင်ငံတော်စီးပွားရေးတိုးတက်ဖွံဖြိုးနေတာကိုသိနိုင်ရန်အတွက်ဂျီဒီပီတွက်ရတယ်။မကွေးစီမံကိန်းေ၇းဆွဲရေးဦးစီးဌာနမှာစက်မှုကဏ္ဍဟာအရေးပါတဲ့ ကဏ္ဍတခုဖြစ်ပါတယ်။