
မေတ္တာကြီးမားလှတဲ့ မေမေ ထာဝရ ကျန်းမာရွင်လန်းပါစေ။ သားသမီး (9)ယောက်ကို ပညာတတ် တွေဖြစ် အောင်ရုန်းကန်ကျွေးမွေးခဲ့တဲ့ မေမေ။မေမေဖြစ်စေချင်တဲ့ ဆန္ဒတွေ ဖြစ်အောင်သမီးကျိုးစားခဲ့ပါတယ်၊စိတ်ဓါတ် အင်အားတွေ ကြံ့ ခိုင်လာအောင် အမြဲအားပေးခဲ့တဲ့မေမေ။ မေမေပေးတဲ့အင်အားတွေနဲ့ အခက်အခဲမှန်သမျှကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ပြောရရင်တော့မေမေကကျေးဇူးတွေက ဆပ်မကုန်နိုင်အောင်ပါပဲ။ သားသမီးတွေကို ပညာ တတ်တွေ ဖြစ်စေချင်လွန်းလို့ အခက်အခဲမှန်သမျှ ရင်ဆိုင်ခဲ့ ရတဲ့မေမေ။ သမီးရဲ့ ကျိုးစားမှုအတွက်မေမေ ၀မ်းမြောက်ဂုဏ်ယူနိုင်ပါစေ။
No comments:
Post a Comment